Articles in this section

Gas or Oil Shock Absorbers — Which Suits Your Vehicle

(Shock Absorbers & Struts · Choosing)
Gas နှင့် Oil Shock Absorber ရွေးချယ်ခြင်း

An oil shock absorber uses oil alone, while a gas shock absorber adds pressurised nitrogen above the oil. The nitrogen stops the oil from foaming when the shock absorber works hard, which is why a gas unit keeps its damping on rough roads and under load where an oil unit begins to fade.
Oil Shock Absorber သည် ဆီသက်သက် အသုံးပြုပြီး Gas Shock Absorber တွင် ဆီအပေါ်၌ ဖိအားပေးထားသော Nitrogen ဓာတ်ငွေ့ ထပ်ဆောင်း ပါဝင်ပါသည်။ Nitrogen က ဆီအမြှုပ်ထခြင်းကို တားဆီးပေးသဖြင့် လမ်းကြမ်းနှင့် ဝန်တင်ချိန်တွင် ထိန်းချုပ်မှု မလျော့ကျစေပါ။


What actually happens inside each type?

အမျိုးအစား တစ်ခုချင်းစီ အတွင်း၌ ဘာဖြစ်နေလဲ

In both types a piston is pushed through oil and the oil is forced through small valves, and that resistance is the damping. In an oil shock absorber, hard repeated work whips air into the oil and turns it to foam, and foam does not resist the piston, so damping drops away. In a gas shock absorber the pressurised nitrogen keeps the oil under enough pressure that foam does not form.
နှစ်မျိုးစလုံးတွင် Piston သည် ဆီအတွင်းမှ ဖြတ်သန်းပြီး ဆီသည် သေးငယ်သော Valve များမှ စီးဆင်းရာ ထိုခုခံမှုက ထိန်းချုပ်မှု ဖြစ်ပါသည်။ Oil အမျိုးအစားတွင် ဆက်တိုက် အလုပ်လုပ်ရပါက ဆီထဲသို့ လေဝင်၍ အမြှုပ်ဖြစ်ကာ ထိန်းချုပ်မှု လျော့ကျပါသည်။ Gas အမျိုးအစားတွင် Nitrogen ဖိအားက အမြှုပ်မဖြစ်အောင် ထိန်းပေးပါသည်။


Which type suits Myanmar road conditions?

မြန်မာ့လမ်းအခြေအနေအတွက် ဘယ်အမျိုးအစား သင့်တော်လဲ

Gas suits most working vehicles here. Rough and uneven surfaces make the shock absorber cycle constantly, which is exactly the condition that causes an oil unit to fade, and loaded pickups and intercity vehicles push a shock absorber hardest. Oil units remain a reasonable choice for a light vehicle used mainly on good city roads, and they usually cost less.
မြန်မာနိုင်ငံရှိ အလုပ်သုံးကား အများစုအတွက် Gas အမျိုးအစား သင့်တော်ပါသည်။ လမ်းကြမ်းများက Shock Absorber ကို ဆက်တိုက် အလုပ်လုပ်စေပြီး ၎င်းသည် Oil အမျိုးအစား အားလျော့ရသည့် အခြေအနေ ဖြစ်ပါသည်။ မြို့တွင်း လမ်းကောင်းများတွင်သာ သုံးသော ပေါ့ပါးသည့် ကားများအတွက် Oil အမျိုးအစားသည် ဈေးသက်သာပြီး လုံလောက်ပါသည်။


Which should I choose for my vehicle?

ကျွန်တော့်ကားအတွက် ဘယ်ဟာ ရွေးရမလဲ

Match the type to how the vehicle is used.
ကားအသုံးပြုပုံနှင့် ကိုက်ညီအောင် ရွေးချယ်ပါ။

  • Gas — loaded pickups, intercity routes, rough or unsealed roads, and any vehicle that carries weight regularly. Firmer ride, holds damping when hot.
  • Oil — light vehicles on good city roads, driven unloaded. Softer ride, lower price, fades sooner when worked hard.
  • Whichever you choose, fit the same type on both sides of an axle. Mixing a gas unit with an oil unit on one axle makes the vehicle damp unevenly.

ဝန်တင်ကား၊ အဝေးပြေးနှင့် လမ်းကြမ်းအတွက် Gas ကို ရွေးပါ။ မြို့တွင်း လမ်းကောင်းတွင် သုံးသော ပေါ့ပါးသည့်ကားအတွက် Oil လုံလောက်ပါသည်။ မည်သည့်အမျိုးအစားမဆို Axle တစ်ခုတည်း၏ နှစ်ဖက်စလုံးတွင် တူညီစွာ တပ်ဆင်ရပါမည်။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.