Articles in this section

What a Shock Absorber Does and How It Works

(Shock Absorbers & Struts · Basics)
Shock Absorber အခြေခံ အကြောင်း

A shock absorber controls the movement of the spring; a shock absorber does not carry the weight of the vehicle. The spring holds the vehicle up, and the shock absorber stops that spring from bouncing repeatedly after every bump, which is what keeps the tyre pressed against the road.
Shock Absorber သည် ကားအလေးချိန်ကို မထမ်းဘဲ Spring ၏ ရွေ့လျားမှုကို ထိန်းချုပ်ပေးပါသည်။ ကားကို Spring က မြှောက်ထားပြီး Shock Absorber က Spring ခုန်ခြင်းကို ရပ်တန့်စေကာ ဘီးကို လမ်းမျက်နှာပြင်နှင့် ကပ်နေစေပါသည်။


What does a shock absorber actually do?

Shock Absorber က တကယ်တော့ ဘာလုပ်ပေးတာလဲ

A shock absorber converts the up-and-down motion of the suspension into heat, and releases that heat into the air. Inside the shock absorber, a piston is forced through oil; the oil can only pass through small valves, and that resistance is what damps the movement. Without a working shock absorber the spring keeps oscillating and the tyre lifts clear of the road surface between bounces.
Shock Absorber သည် Suspension ၏ အထက်အောက် ရွေ့လျားမှုကို အပူအဖြစ် ပြောင်းလဲပြီး လေထဲသို့ ထုတ်လွှတ်ပေးပါသည်။ အတွင်း၌ Piston သည် ဆီအတွင်းမှ ဖြတ်သန်းရပြီး ဆီသည် သေးငယ်သော Valve များမှသာ စီးဆင်းနိုင်သဖြင့် ထိုခုခံမှုက ရွေ့လျားမှုကို ထိန်းပေးပါသည်။ Shock Absorber ပျက်ပါက Spring ဆက်တိုက် ခုန်နေပြီး ဘီးသည် လမ်းမှ ခွာတက်သွားပါသည်။


If the spring holds the car up, why does a worn shock absorber matter?

Spring က ကားကို မြှောက်ထားရင် Shock Absorber ပျက်တာက ဘာကြောင့် အရေးကြီးလဲ

Because braking and steering both depend on the tyre staying in contact with the road. A worn shock absorber lets the tyre skip, and a skipping tyre cannot brake or steer during the moments it is airborne. This is why a vehicle with worn shock absorbers takes longer to stop even when the brakes themselves are new.
Brake နင်းခြင်းနှင့် ဦးတည်ချိန်ခြင်း နှစ်ခုစလုံးသည် ဘီးက လမ်းနှင့် ထိနေမှုအပေါ် မူတည်သောကြောင့် ဖြစ်ပါသည်။ Shock Absorber ပွန်းစားပါက ဘီးသည် ခုန်တက်သွားပြီး လေထဲရောက်နေချိန်တွင် Brake လည်း မမိ၊ ဦးတည်ချိန်၍လည်း မရပါ။ ထို့ကြောင့် Brake အသစ်ဖြစ်လျှင်ပင် ရပ်တန့်ရန် အကွာအဝေး ပိုကြာပါသည်။


How many shock absorbers does a vehicle have?

ကားတစ်စီးမှာ Shock Absorber ဘယ်နှစ်ခု ရှိလဲ

Four on almost every passenger vehicle — one at each wheel. Front and rear shock absorbers are different parts with different valving and different mountings, and on many vehicles the left and right units also differ. Some commercial vehicles carry additional dampers on the rear axle.
ကားအများစုတွင် ဘီးတစ်ခုလျှင် တစ်ခုစီ၊ စုစုပေါင်း လေးခု ရှိပါသည်။ ရှေ့နှင့် နောက် Shock Absorber များသည် Valve နှင့် တပ်ဆင်ပုံ ကွဲပြားသော သီးခြားပစ္စည်းများ ဖြစ်ပြီး ကားအချို့တွင် ဘယ်ဘက်နှင့် ညာဘက်ပါ ကွဲပြားပါသည်။ ကုန်တင်ကားအချို့တွင် နောက်ဝင်ရိုးတွင် အပို Damper များ ပါဝင်ပါသည်။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.