Articles in this section

Shock Absorbers and Struts — What Is the Difference

(Shock Absorbers & Struts · Basics)
Shock Absorber နှင့် Strut ကွာခြားချက်

A shock absorber only damps movement, while a strut damps movement and also forms part of the structure that holds the wheel in place. Because a strut is structural, replacing a strut is a bigger job than replacing a shock absorber, and the two are not interchangeable.
Shock Absorber သည် ရွေ့လျားမှုကိုသာ ထိန်းချုပ်ပြီး Strut သည် ရွေ့လျားမှုကို ထိန်းချုပ်ရုံသာမက ဘီးကို နေရာတကျ ထိန်းထားသည့် ဖွဲ့စည်းပုံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ထို့ကြောင့် Strut လဲလှယ်ခြင်းသည် ပိုမို ရှုပ်ထွေးပြီး နှစ်ခုကို အပြန်အလှန် အစားထိုး၍ မရပါ။


Are a shock absorber and a strut the same part?

Shock Absorber နဲ့ Strut က ပစ္စည်းတူတာလား

No. A shock absorber is a damper only, mounted alongside a separate spring and separate suspension arms. A strut is a damper built into a structural housing that also carries the spring and locates the top of the wheel assembly. Removing a strut changes the wheel alignment; removing a shock absorber usually does not.
မတူပါ။ Shock Absorber သည် သီးခြား Spring နှင့် Suspension Arm များနှင့်အတူ တပ်ဆင်ထားသော Damper သက်သက် ဖြစ်ပါသည်။ Strut သည် Spring ကိုပါ ထမ်းထားပြီး ဘီး၏ အပေါ်ပိုင်းကို ထိန်းထားသည့် ဖွဲ့စည်းပုံအိမ်အတွင်း Damper ပါဝင်သည့် ပစ္စည်း ဖြစ်ပါသည်။ Strut ဖြုတ်ပါက ဘီးညှိချက် ပြောင်းလဲသွားပါသည်။


How do I know which one my vehicle has?

ကျွန်တော့်ကားမှာ ဘယ်ဟာ တပ်ထားလဲ ဘယ်လို သိနိုင်မလဲ

Look at how the spring sits. If the coil spring wraps around the damper as a single assembly, that is a strut. If the spring sits separately from a thin damper mounted nearby, that is a shock absorber. Most modern passenger cars use struts at the front and shock absorbers at the rear; most pickups use shock absorbers at both ends.
Spring တည်ရှိပုံကို ကြည့်ပါ။ Coil Spring သည် Damper ကို ပတ်ရံလျက် တစ်ခုတည်းအဖြစ် တွဲနေပါက Strut ဖြစ်ပါသည်။ Spring သည် သီးခြားရှိပြီး အနီးတွင် Damper ပါးပါး တပ်ထားပါက Shock Absorber ဖြစ်ပါသည်။ ခေတ်မီကားအများစုတွင် ရှေ့၌ Strut၊ နောက်၌ Shock Absorber သုံးပြီး ဝန်တင်ကားများတွင် နှစ်ဖက်စလုံး Shock Absorber သုံးပါသည်။


What is the practical difference when buying?

ဝယ်ယူရာတွင် လက်တွေ့ ကွာခြားချက်က ဘာလဲ

The differences that affect your order are these.
မှာယူမှုကို သက်ရောက်စေသော ကွာခြားချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • A shock absorber is a damper only; a strut is a damper plus a structural housing that carries the spring.
  • A shock absorber is usually cheaper and quicker to fit; a strut costs more and takes longer.
  • Replacing a strut requires a wheel alignment afterwards; replacing a shock absorber usually does not.
  • A strut may be sold bare or as a complete assembly with the spring and top mount already fitted.
  • Both are replaced in axle pairs, never singly.

Shock Absorber သည် Damper သက်သက်ဖြစ်ပြီး ဈေးသက်သာကာ တပ်ဆင်ရ လွယ်ကူပါသည်။ Strut သည် Spring ကိုပါ ထမ်းထားသဖြင့် ဈေးပိုကြီးပြီး တပ်ဆင်ပြီးနောက် ဘီးညှိရန် လိုအပ်ပါသည်။ နှစ်ခုစလုံးကို Axle တစ်ခုလုံးအတွက် အတွဲလိုက် လဲရပါသည်။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.