Articles in this section

Signs Your Shock Absorbers Need Replacing

(Shock Absorbers & Struts · Wear & Replacement)
Shock Absorber လဲရန် လိုအပ်ကြောင်း လက္ခဏာများ

Worn shock absorbers rarely fail suddenly; shock absorbers fade slowly over years, so the driver adapts and does not notice. Watch for the vehicle continuing to bounce after a bump, the nose dipping sharply under braking, uneven cupped wear across the tyres, or oil visible on the shock absorber body.
Shock Absorber များသည် ရုတ်တရက် ပျက်စီးခြင်း ရှားပြီး နှစ်များစွာအတွင်း တဖြည်းဖြည်း အားလျော့သဖြင့် ယာဉ်မောင်းက အလေ့အထ ဖြစ်သွားကာ သတိမထားမိတတ်ပါ။ ဂျုံးကျော်ပြီးနောက် ကား ဆက်ခုန်နေခြင်း၊ Brake နင်းစဉ် ရှေ့ပိုင်း ပြင်းစွာ နိမ့်ဆင်းခြင်း၊ ဘီးများ မညီညာစွာ ပွန်းစားခြင်းနှင့် ကိုယ်ထည်ပေါ်တွင် ဆီစိမ့်ခြင်းတို့ကို သတိထားပါ။


What are the everyday warning signs?

နေ့စဉ် တွေ့ရတတ်သော သတိပေး လက္ခဏာများက ဘာတွေလဲ

These are the signs to watch for, in the order drivers usually notice them.
ယာဉ်မောင်းများ များသောအားဖြင့် သတိထားမိသည့် အစဉ်လိုက် လက္ခဏာများ ဖြစ်ပါသည်။

  • The vehicle keeps bouncing after a bump instead of settling in one movement.
  • The nose dips sharply when you brake and the rear lifts.
  • The body leans further than it used to when cornering.
  • The steering feels vague or the vehicle wanders on an uneven surface.
  • A knocking or clunking noise from a corner over rough ground.
  • Oil streaks down the body of the shock absorber, meaning the seal has failed.
  • Tyres worn in patches rather than evenly across the tread.

ဂျုံးကျော်ပြီး ဆက်ခုန်နေခြင်း၊ Brake နင်းစဉ် ရှေ့နိမ့်ဆင်းခြင်း၊ ကွေ့ရာတွင် ကိုယ်ထည် ပိုစောင်းခြင်း၊ ဦးတည်ချိန်မှု မတည်ငြိမ်ခြင်း၊ လမ်းကြမ်းတွင် အသံမြည်ခြင်း၊ ကိုယ်ထည်ပေါ် ဆီစိမ့်ခြင်းနှင့် ဘီးများ အကွက်လိုက် ပွန်းစားခြင်း တို့ ဖြစ်ပါသည်။


Is there a simple test I can do myself?

ကိုယ်တိုင် စမ်းသပ်နိုင်တဲ့ နည်းလမ်း ရှိပါသလား

Press down hard on one corner of the parked vehicle and release it. A healthy shock absorber lets the body rise back and settle in one movement. If the corner bounces two or more times before settling, that shock absorber has lost most of its damping. Repeat at each corner and compare. This test is a guide, not a substitute for inspection.
ရပ်ထားသော ကား၏ ထောင့်တစ်ခုကို အားသုံး၍ ဖိပြီး လွှတ်လိုက်ပါ။ ကောင်းမွန်သော Shock Absorber ဖြစ်ပါက ကိုယ်ထည်သည် တစ်ကြိမ်တည်းဖြင့် ပြန်တည်ငြိမ်သွားပါသည်။ နှစ်ကြိမ်နှင့်အထက် ခုန်နေပါက ထိန်းချုပ်မှု အများစု ဆုံးရှုံးနေပြီ ဖြစ်ပါသည်။ ထောင့်တိုင်းတွင် စမ်းသပ်၍ နှိုင်းယှဉ်ပါ။


Why does a worn shock absorber matter for safety?

ပွန်းစားသော Shock Absorber က ဘာကြောင့် အန္တရာယ်ရှိလဲ

Because braking and steering both need the tyre in contact with the road. A worn shock absorber lets the tyre skip over an uneven surface, and during those moments the tyre is not braking and not steering. Testing has repeatedly shown that worn shock absorbers lengthen stopping distances even when the brakes themselves are new.
Brake နင်းခြင်းနှင့် ဦးတည်ချိန်ခြင်း နှစ်ခုစလုံးသည် ဘီးက လမ်းနှင့် ထိနေမှုကို လိုအပ်သောကြောင့် ဖြစ်ပါသည်။ ပွန်းစားသော Shock Absorber က ဘီးကို ခုန်တက်စေပြီး ထိုအချိန်များတွင် Brake လည်း မမိ၊ ဦးတည်ချိန်၍လည်း မရပါ။ Brake အသစ်ဖြစ်လျှင်ပင် ရပ်တန့်ရန် အကွာအဝေး ပိုကြာစေပါသည်။


How often should shock absorbers be checked?

Shock Absorber ကို ဘယ်နှစ်ကြိမ် စစ်သင့်လဲ

Have them inspected once a year, and at every brake service, since the wheel is already off. Because the loss of damping is gradual, a scheduled inspection is more reliable than waiting to notice a change in how the vehicle feels.
တစ်နှစ်လျှင် တစ်ကြိမ်နှင့် Brake ပြုပြင်တိုင်း ဘီးဖြုတ်ထားစဉ် စစ်ဆေးသင့်ပါသည်။ ထိန်းချုပ်မှု ဆုံးရှုံးမှုသည် တဖြည်းဖြည်း ဖြစ်ပေါ်သဖြင့် ခံစားချက် ပြောင်းလဲသည်အထိ စောင့်ခြင်းထက် အချိန်ဇယားဆွဲ၍ စစ်ဆေးခြင်းက ပိုစိတ်ချရပါသည်။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.