Articles in this section

What a Timing Belt Does in Your Engine

(Timing Belts · Basics)
အခြေခံ

A timing belt is a toothed rubber belt that connects the crankshaft to the camshaft so that the valves open and close at exactly the right moment in each cylinder cycle. It sits behind a cover at one end of the engine and, unlike the V-ribbed belt, it is never visible during a normal bonnet check.
Timing Belt သည် crankshaft နှင့် camshaft ကို ချိတ်ဆက်ပေးသော သွားပါ ရော်ဘာကြိုး ဖြစ်သည်။ ဤသို့ဖြင့် valve များသည် ဆလင်ဒါလည်ပတ်မှု တစ်ခုချင်းစီတွင် အချိန်အတိအကျ ပွင့်ပိတ်နိုင်သည်။ အင်ဂျင်အစွန်းတစ်ဘက်ရှိ အဖုံးနောက်တွင် တပ်ဆင်ထားပြီး V-Ribbed Belt နှင့် မတူဘဲ ပုံမှန် bonnet စစ်ဆေးမှုတွင် လုံးဝ မမြင်ရပါ။

Labelled side view of a timing belt showing tooth pitch, thickness and width. Timing Belt ၏ ဘေးမြင်ကွင်း — သွားအကွာအဝေး၊ အထူနှင့် အနံ ပြထားသည်။

The drawing above shows a timing belt from the side. The rounded teeth along the bottom mesh with the teeth on the camshaft and crankshaft gears. The row of grey dots running through the middle is a layer of glass fibre cords, which is what stops the belt stretching and losing its timing. The flat rubber back runs against smooth idler pulleys.
အထက်ပါပုံသည် Timing Belt ကို ဘေးမှ မြင်ရသော ပုံဖြစ်သည်။ အောက်ခြေရှိ လုံးဝိုင်းသော သွားများသည် camshaft နှင့် crankshaft gear များ၏ သွားများနှင့် အံကိုက်သည်။ အလယ်ရှိ အမှတ်များမှာ ဖန်မျှင် ကြိုးမျှင်အလွှာဖြစ်ပြီး ကြိုးဆန့်၍ အချိန်လွဲသွားခြင်းမှ တားဆီးပေးသည်။ ပြားနေသော ရော်ဘာကျောဘက်သည် ချောမွေ့သော idler pulley များနှင့် ထိသည်။


Why must the camshaft and crankshaft stay in step?

Camshaft နှင့် crankshaft ဘာကြောင့် အချိန်ကိုက်နေရသလဲ

The crankshaft moves the pistons up and down. The camshaft opens and closes the valves. If the two drift apart by even one tooth, a valve is open when a piston is near the top of its travel. The engine then runs badly, loses power, or in the worst case the piston strikes the valve. The timing belt is the only thing holding that relationship.
Crankshaft သည် piston များကို အပေါ်အောက် ရွေ့စေသည်။ Camshaft သည် valve များကို ပွင့်ပိတ်စေသည်။ နှစ်ခုသည် သွားတစ်ချောင်းစာပင် လွဲသွားလျှင် piston သည် အထက်ဆုံးနားရောက်ချိန်တွင် valve ပွင့်နေမည်။ အင်ဂျင် ကောင်းစွာ မလည်တော့ဘဲ အားလျော့ခြင်း၊ အဆိုးဆုံးအနေဖြင့် piston က valve ကို ရိုက်မိခြင်း ဖြစ်မည်။


How is a timing belt different from a V-ribbed belt?

Timing Belt နှင့် V-Ribbed Belt ဘယ်လို ကွာသလဲ

A timing belt has teeth running across its width, is hidden behind a cover, and transmits engine timing. A V-ribbed belt has ribs running along its length, is visible at the front of the engine, and drives accessories such as the alternator and air-conditioning compressor. A V-ribbed belt is allowed to slip slightly; a timing belt must never slip at all.
Timing Belt တွင် အနံလိုက် သွားများ ရှိပြီး အဖုံးနောက်တွင် ကွယ်နေကာ အင်ဂျင်အချိန်ကိုက်မှုကို ထိန်းသည်။ V-Ribbed Belt တွင် အလျားလိုက် အံသွားများ ရှိပြီး အင်ဂျင်ရှေ့တွင် မြင်ရကာ alternator နှင့် air-con compressor ကဲ့သို့ အစိတ်အပိုင်းများကို လည်ပတ်စေသည်။ V-Ribbed Belt သည် အနည်းငယ် ချော်ခွင့်ရှိပြီး Timing Belt သည် လုံးဝ မချော်ရပါ။


Do all engines have a timing belt?

အင်ဂျင်အားလုံးတွင် Timing Belt ရှိသလား

No. Some engines use a timing chain, which is a metal chain running in engine oil and is designed to last the life of the engine. Others use a timing belt, which is rubber and must be replaced on a schedule. A few use gears. Check which type an engine uses before quoting a replacement, because a chain engine has no belt to sell.
မရှိပါ။ အချို့အင်ဂျင်များတွင် Timing Chain ကို သုံးသည် — အင်ဂျင်ဆီအတွင်း လည်ပတ်သော သတ္တုကွင်းဆက်ဖြစ်ပြီး အင်ဂျင်သက်တမ်းတစ်လျှောက် ခံရန် ဒီဇိုင်းဆွဲထားသည်။ အချို့တွင် ရော်ဘာဖြစ်ပြီး အချိန်ဇယားအတိုင်း လဲရသော Timing Belt ကို သုံးသည်။ အနည်းငယ်တွင် gear ကို သုံးသည်။ ဈေးမပြောမီ အင်ဂျင်၏ အမျိုးအစားကို အရင် စစ်ပါ။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.