Articles in this section

Complete Arm or Bushing Only — Which to Buy

(Control Arms · Choosing)
တံလုံးလိုက် ဝယ်မလား Bushing ပဲ ဝယ်မလား

If only the rubber bushings have perished, a bushing kit is the cheaper part but the more expensive labour, because the old bushings have to be pressed out and new ones pressed in. A complete control arm costs more as a part but arrives with new bushings and ball joint already fitted, so it bolts straight on. Which is cheaper overall depends on your workshop's press charge.
ရာဘာ Bushing များသာ ဟောင်းနွမ်းနေပါက Bushing Kit သည် ပစ္စည်းဖိုး သက်သာသော်လည်း လုပ်အားခ ပိုများပါသည်။ အဟောင်းကို ဖိထုတ်၍ အသစ်ကို ဖိသွင်းရသောကြောင့် ဖြစ်ပါသည်။ တံလုံးလိုက်သည် ပစ္စည်းဖိုး ပိုကြီးသော်လည်း Bushing နှင့် Ball Joint အသစ် ပါပြီးသားဖြစ်၍ တိုက်ရိုက် တပ်ဆင်နိုင်ပါသည်။


When is a bushing kit the right choice?

ဘယ်အခါမှာ Bushing Kit က သင့်တော်လဲ

When the arm itself is straight and undamaged, the ball joint still has no free play, and your workshop has a press and charges reasonably for the work. Win Store stocks arm bushings separately from GSP and WINPOWER, listed by size and position — you will see Long, Small and Big, with Upper or Lower and front or rear, plus a left or right marking where the sides differ.
တံကိုယ်တိုင် ဖြောင့်ပြီး ပျက်စီးမှုမရှိဘဲ Ball Joint တွင် လျော့ရဲမှု မရှိသေးကာ သင့်ဆိုင်တွင် ဖိစက် ရှိပါက သင့်တော်ပါသည်။ Win Store တွင် GSP နှင့် WINPOWER မှ Arm Bushing များကို အရွယ်အစားနှင့် နေရာအလိုက် သီးခြား ရောင်းချပါသည် — Long၊ Small၊ Big နှင့် Upper သို့မဟုတ် Lower၊ ရှေ့ သို့မဟုတ် နောက် စသဖြင့် ဖော်ပြထားပါသည်။


When is a complete arm the right choice?

ဘယ်အခါမှာ တံလုံးလိုက်က သင့်တော်လဲ

In these situations a complete arm is usually the better decision.
အောက်ပါ အခြေအနေများတွင် တံလုံးလိုက် ဝယ်ခြင်းက ပိုသင့်တော်ပါသည်။

  • The ball joint has free play as well as the bushings being perished — you would be replacing both anyway.
  • The arm is bent, corroded, or has been damaged by an impact.
  • The ball joint is not sold separately for your vehicle, which is common on many modern models.
  • Your workshop has no press, or the press charge approaches the price difference.
  • The vehicle is high mileage and you would rather not return for the ball joint in a year.

Ball Joint လည်း လျော့ရဲနေပါက၊ တံ ကွေးနေ သို့မဟုတ် သံချေးတက်နေပါက၊ Ball Joint ကို သီးခြား မရနိုင်ပါက၊ ဆိုင်တွင် ဖိစက် မရှိပါက သို့မဟုတ် ကား ကီလိုမီတာ များနေပါက တံလုံးလိုက် ဝယ်သင့်ပါသည်။


How do I know if the ball joint is sold separately for my vehicle?

ကျွန်တော့်ကားအတွက် Ball Joint သီးခြား ရနိုင်မရနိုင် ဘယ်လို သိမလဲ

Search winstores.com with your Original Equipment number, or send your vehicle details to our parts team on Messenger or 09 5105768. Some manufacturers rivet or press the ball joint into the arm at the factory and do not supply it as a service part, in which case the complete arm is the only option. We can tell you which applies to your model before you commit to a repair plan.
သင့် OE နံပါတ်ဖြင့် winstores.com တွင် ရှာဖွေပါ သို့မဟုတ် ကားအချက်အလက်ကို Messenger သို့မဟုတ် ၀၉ ၅၁၀၅၇၆၈ သို့ ပေးပို့ပါ။ ထုတ်လုပ်သူအချို့သည် Ball Joint ကို စက်ရုံတွင် တံထဲသို့ ဖိသွင်းထားပြီး သီးခြား မရောင်းချသဖြင့် တံလုံးလိုက်သာ ရွေးချယ်စရာ ဖြစ်ပါသည်။ ပြုပြင်မှု အစီအစဉ် မဆုံးဖြတ်မီ ကျွန်ုပ်တို့ အကြောင်းကြားပေးနိုင်ပါသည်။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.