Articles in this section

Matching a Ball Joint to Your Vehicle by OE Number

(Ball Joints · Fitment)
OE နံပါတ်ဖြင့် Ball Joint ကိုက်ညီမှု စစ်ဆေးခြင်း

The Original Equipment (OE) number is the most reliable way to match a ball joint, because the OE number comes from the vehicle manufacturer and describes the exact part your vehicle left the factory with. Win Store lists the OE number alongside the brand catalogue number on ball joint listings, so you can confirm both before ordering.
OE နံပါတ်သည် Ball Joint ကိုက်ညီမှုကို စစ်ဆေးရန် အယုံကြည်ရဆုံး နည်းလမ်း ဖြစ်ပါသည်။ ကားထုတ်လုပ်သူထံမှ ဖြစ်ပြီး သင့်ကားတွင် မူလ တပ်ဆင်ခဲ့သော ပစ္စည်းအတိအကျကို ဖော်ပြသောကြောင့် ဖြစ်ပါသည်။ Win Store က Catalogue နံပါတ်နှင့်အတူ OE နံပါတ်ကိုပါ ဖော်ပြထားပါသည်။


Where do I find the OE number for a ball joint?

Ball Joint အတွက် OE နံပါတ်ကို ဘယ်မှာ ရှာရမလဲ

Three places. The old part sometimes carries it stamped on the housing, though road grime and rust often make it unreadable. The vehicle handbook or service record may list it. Most reliably, our parts team can look it up from the Vehicle Identification Number (VIN), which identifies the exact build of your vehicle. Photograph the old joint before removal if you can.
နေရာသုံးခု ရှိပါသည်။ ပစ္စည်းဟောင်း၏ ကိုယ်ထည်ပေါ်တွင် ရိုက်နှိပ်ထားတတ်သော်လည်း ဖုန်နှင့် သံချေးကြောင့် မဖတ်နိုင်တတ်ပါ။ ကားလက်စွဲစာအုပ် သို့မဟုတ် ပြုပြင်မှတ်တမ်းတွင်လည်း ပါဝင်နိုင်ပါသည်။ အယုံကြည်ရဆုံးမှာ VIN နံပါတ်မှတဆင့် ကျွန်ုပ်တို့ ရှာဖွေပေးခြင်း ဖြစ်ပါသည်။


Why is year, make and model not enough on its own?

ခုနှစ်၊ အမှတ်တံဆိပ်နှင့် Model ချည်း ဘာကြောင့် မလုံလောက်တာလဲ

Because manufacturers fit different suspension setups to different trim levels of the same model, and change hardware partway through a production run. Two vehicles of the same model year can take different ball joints depending on the engine, the drivetrain, or the market the vehicle was built for. Confirming the OE number removes that uncertainty.
ထုတ်လုပ်သူများသည် Model တူဖြစ်လျှင်ပင် Grade အလိုက် Suspension စနစ် ကွဲပြားစွာ တပ်ဆင်ကြပြီး ထုတ်လုပ်နေစဉ်အတွင်း ပြောင်းလဲတတ်သောကြောင့် ဖြစ်ပါသည်။ ခုနှစ်တူ Model တူဖြစ်လျှင်ပင် အင်ဂျင်၊ မောင်းနှင်စနစ် သို့မဟုတ် တင်ပို့သည့်နိုင်ငံပေါ်မူတည်၍ Ball Joint ကွဲပြားနိုင်ပါသည်။


What is the fastest way to check before ordering?

မှာယူမီ အမြန်ဆုံး စစ်ဆေးနည်းက ဘာလဲ

Work through these four steps in order.
အောက်ပါ လေးဆင့်ကို အစဉ်လိုက် လုပ်ဆောင်ပါ။

  • Confirm the position — upper or lower, left or right.
  • Search winstores.com with the Original Equipment number if you have it.
  • Check that the OE number shown on the listing matches your vehicle record.
  • If anything is unclear, send the VIN and a photograph of the old joint to our parts team rather than ordering on a guess.

နေရာကို အတည်ပြုပါ၊ OE နံပါတ်ဖြင့် ရှာဖွေပါ၊ စာရင်းပေါ်ရှိ OE နံပါတ်ကို သင့်ကားမှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးပါ၊ မရှင်းလင်းပါက VIN နှင့် ဓာတ်ပုံကို ပေးပို့ပါ။


Do I need a wheel alignment after fitting?

တပ်ဆင်ပြီးနောက် ဘီးညှိရန် လိုအပ်ပါသလား

Yes. Replacing a ball joint changes the geometry that positions the wheel, so a wheel alignment afterwards is not optional. Skipping it produces uneven tyre wear within weeks and can make the vehicle pull to one side. Budget for the alignment when you budget for the part.
လိုအပ်ပါသည်။ Ball Joint လဲလှယ်ခြင်းသည် ဘီးနေရာချထားမှု ဂျီသြမေတြီကို ပြောင်းလဲစေသဖြင့် ဘီးညှိခြင်းသည် ရွေးချယ်စရာ မဟုတ်ပါ။ မညှိပါက ရက်သတ္တပတ်အနည်းငယ်အတွင်း ဘီးများ မညီညာစွာ ပွန်းစားပြီး ကားက တစ်ဖက်သို့ ငင်နိုင်ပါသည်။ ပစ္စည်းဖိုးနှင့်အတူ ဘီးညှိခ ကိုပါ တွက်ထားပါ။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.