Articles in this section

Can I Clean an Air Filter Instead of Replacing It

(Air Filters)
Air Filter ကို ဆေးကြောပြီး ပြန်သုံးလို့ ရပါသလား

A standard paper air filter can be gently blown out to remove loose surface dust, and that is worth doing between services in dusty conditions. It cannot be washed, and blowing it out does not restore it — the fine particles lodged inside the paper stay there. Cleaning buys you time; it does not replace replacement.
ပုံမှန် စက္ကူ Air Filter ကို မျက်နှာပြင်ရှိ ဖုန်များ ဖယ်ရှားရန် ဖြည်းညှင်းစွာ လေမှုတ်နိုင်ပြီး ဖုန်ထူသောအခြေအနေတွင် ပြုပြင်ချိန်ကြား လုပ်သင့်ပါသည်။ သို့သော် ဆေးကြော၍ မရပါ။ လေမှုတ်ခြင်းက ပြန်လည် ကောင်းမွန်စေခြင်း မဟုတ်ပါ — စက္ကူအတွင်း စွဲနေသော အမှုန်များ ကျန်နေပါသည်။


How should I blow one out safely?

ဘယ်လို လုံခြုံစွာ လေမှုတ်ရမလဲ

Blow from the clean side outward, so the dust is pushed back out the way it came in rather than driven deeper into the paper. Keep the air pressure low and the nozzle well back from the pleats. High-pressure air held close will tear or perforate the paper, and a filter with a hole in it is worse than a blocked one because it passes unfiltered air directly.
သန့်သည့်ဘက်မှ အပြင်သို့ မှုတ်ပါ။ ဖုန်များကို စက္ကူအတွင်းသို့ တွန်းသွင်းမည့်အစား ဝင်လာသည့်လမ်းအတိုင်း ပြန်ထုတ်ရန် ဖြစ်ပါသည်။ လေဖိအားကို နိမ့်အောင်ထားပြီး ခေါင်းကို ခေါက်များမှ ဝေးဝေးထားပါ။ ဖိအားမြင့်သောလေကို နီးကပ်စွာ မှုတ်ပါက စက္ကူ ပေါက်သွားနိုင်ပြီး ပေါက်နေသော Filter သည် ပိတ်နေသည်ထက် ပိုဆိုးပါသည်။


Why can a paper filter not be washed?

စက္ကူ Filter ကို ဘာကြောင့် ဆေးလို့ မရတာလဲ

Because water breaks down the resin that stiffens the paper and holds the pleats apart. A washed filter dries soft and misshapen, the pleats collapse against each other, and the filtering medium loses the pore structure that made it work. It may look clean and still filter far worse than the dirty filter you started with, while also restricting airflow more.
ရေသည် စက္ကူကို မာကျောစေပြီး ခေါက်များကို ခွာထားသည့် ဆေးရည်ကို ပျက်စီးစေသောကြောင့် ဖြစ်ပါသည်။ ဆေးထားသော Filter သည် ပျော့ပြီး ပုံပျက်ကာ ခေါက်များ အချင်းချင်း ကပ်သွားပါသည်။ သန့်သလို မြင်ရသော်လည်း စစ်ထုတ်နိုင်စွမ်း ပိုဆိုးပြီး လေစီးဆင်းမှုကိုလည်း ပို၍ ပိတ်ဆို့ပါသည်။


When is cleaning not enough?

ဘယ်အချိန်မှာ ဆေးကြောရုံနဲ့ မလုံလောက်တော့လဲ

Replace rather than clean when any of these apply.
အောက်ပါတစ်ခုခု ဖြစ်ပါက ဆေးကြောမည့်အစား လဲပါ။

  • Little or no light passes through the pleats when held up to daylight.
  • The filter is oily, damp or has been wet.
  • The pleats are collapsed, distorted or torn anywhere.
  • The rubber sealing edge is hardened, cracked or no longer seats flat.
  • It has already been blown out once or twice at previous services.

နေရောင်တွင် ကိုင်ကြည့်ရာ အလင်း မဝင်ခြင်း၊ ဆီစွန်း သို့မဟုတ် စိုစွတ်ခြင်း၊ ခေါက်များ ပြိုကျ သို့မဟုတ် စုတ်ပြဲခြင်း၊ ရာဘာအနား မာကျော အက်ကွဲခြင်းနှင့် ယခင်က တစ်ကြိမ်နှစ်ကြိမ် မှုတ်ပြီးဖြစ်ခြင်း။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.