Articles in this section

How Often to Change the Air Filter in Dusty Conditions

(Air Filters)
ဖုန်ထူသောအခြေအနေတွင် Air Filter ဘယ်နှစ်ကြိမ် လဲရမလဲ

Inspect the air filter at every oil change rather than waiting for a fixed interval. An air filter's life depends on how much dust it has swallowed, not on distance, so a vehicle working on unsealed roads in the dry season can need a filter long before the handbook interval — while the same vehicle on clean highway may reach it comfortably.
ပုံသေကာလကို မစောင့်ဘဲ ဆီလဲတိုင်း Air Filter ကို စစ်ဆေးပါ။ Air Filter ၏ သက်တမ်းသည် ခရီးအကွာအဝေးထက် မည်မျှ ဖုန်စုပ်ယူသည်ဖြင့် သတ်မှတ်သဖြင့် နွေရာသီ လမ်းကြမ်းများပေါ်တွင် သုံးသော ကားသည် လက်စွဲစာအုပ်ပါ ကာလမတိုင်မီ လိုအပ်နိုင်ပါသည်။


How do I judge it by looking?

ကြည့်ရုံနဲ့ ဘယ်လို ဆုံးဖြတ်ရမလဲ

Take the filter out and hold it up to daylight from the dirty side. A serviceable filter lets light through the pleats clearly. One that is heavily loaded shows little or no light and the pleats look grey and packed. Also check the pleats for oil, dampness or insect and leaf debris — any of these blocks flow as effectively as dust does, and a wet filter never recovers.
Filter ကို ထုတ်၍ ညစ်ပတ်သည့်ဘက်မှ နေရောင်သို့ ကိုင်ကြည့်ပါ။ အသုံးပြုနိုင်သေးသော Filter သည် ခေါက်ကြားများမှ အလင်း ရှင်းလင်းစွာ ဖြတ်သန်းပါသည်။ ပြည့်နေပါက အလင်း အနည်းငယ်သာ ဝင် သို့မဟုတ် လုံးဝ မဝင်ဘဲ ခေါက်များ မီးခိုးရောင် ဖြစ်နေပါသည်။ ဆီ၊ စိုစွတ်မှု၊ ပိုးကောင်နှင့် သစ်ရွက်များကိုလည်း စစ်ပါ။


What shortens air filter life here?

ဒီမှာ Air Filter သက်တမ်း တိုစေတဲ့ အချက်တွေက ဘာတွေလဲ

These conditions load a filter far faster than open highway driving.
အောက်ပါ အခြေအနေများသည် Filter ကို အလွန်မြန်စွာ ပြည့်စေပါသည်။

  • Unsealed and gravel roads, especially in the dry season.
  • Following other vehicles closely in traffic, where you breathe their dust.
  • Construction areas and roadworks.
  • Harvest and field work, where chaff and plant debris are in the air.
  • Long idling in dense traffic, which draws air without the airflow that helps shed loose surface dust.

ကတ္တရာမခင်းရသေးသော လမ်းများ (အထူးသဖြင့် နွေရာသီ)၊ ရှေ့ကားနှင့် ကပ်၍ မောင်းခြင်း၊ ဆောက်လုပ်ရေးနယ်မြေများ၊ လယ်ယာလုပ်ငန်းနှင့် ယာဉ်ကြောပိတ်ဆို့မှုတွင် ကြာရှည် Idle ထားခြင်း တို့ ဖြစ်ပါသည်။


Is it worth checking between services?

ပြုပြင်ချိန်ကြား စစ်ဆေးသင့်ပါသလား

Yes, and it is one of the few checks an owner can do without tools on most vehicles. The airbox usually opens with clips or a few screws, the filter lifts straight out, and it goes back one way only. Checking it after a dusty trip costs nothing and tells you more than any interval table can.
သင့်ပါသည်။ ကားအများစုတွင် ကိရိယာမလိုဘဲ ကားပိုင်ရှင် ကိုယ်တိုင် လုပ်နိုင်သော စစ်ဆေးမှု အနည်းငယ်ထဲမှ တစ်ခု ဖြစ်ပါသည်။ Airbox ကို ကလစ် သို့မဟုတ် ဝက်အူ အနည်းငယ်ဖြင့် ဖွင့်နိုင်ပြီး Filter ကို တိုက်ရိုက် မြှောက်ထုတ်နိုင်ကာ ပြန်ထည့်ရာတွင် တစ်မျိုးတည်းသာ ဝင်ပါသည်။ ဖုန်ထူသော ခရီးပြီးနောက် စစ်ဆေးခြင်းက ကာလဇယားထက် ပိုအသုံးဝင်ပါသည်။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.