Articles in this section

Matching an Oil Filter by OE Number

(Oil Filters)
OE နံပါတ်ဖြင့် Oil Filter ကိုက်ညီမှု စစ်ဆေးခြင်း

The Original Equipment (OE) number is the reliable way to match an oil filter, because filters that look identical can differ in thread size, sealing ring diameter, bypass valve pressure and internal capacity. A filter that screws on is not necessarily the correct filter for the engine.
OE နံပါတ်သည် Oil Filter ကိုက်ညီမှုကို စစ်ဆေးရန် အယုံကြည်ရဆုံး နည်းလမ်း ဖြစ်ပါသည်။ ပုံစံတူသော Filter များသည် ချည်ကြိုးအရွယ်အစား၊ Seal ကွင်းအချင်း၊ Bypass Valve ဖိအားနှင့် အတွင်းဆံ့မှု ကွဲပြားနိုင်သောကြောင့် ဖြစ်ပါသည်။ လှည့်တပ်၍ ရရုံဖြင့် မှန်ကန်သော Filter မဟုတ်ပါ။


Why is a filter that fits not always the right one?

တပ်လို့ရတိုင်း ဘာကြောင့် မှန်ကန်တာ မဟုတ်တာလဲ

Because two filters can share a thread and still differ where it matters. The bypass valve inside is set to a specific pressure for that engine — too low and unfiltered oil circulates early, too high and oil flow is restricted when cold. Capacity differs too: a filter sized for a small petrol engine fills quickly on a diesel. Neither difference is visible from outside.
Filter နှစ်ခုသည် ချည်ကြိုးတူညီသော်လည်း အရေးကြီးသည့်နေရာများတွင် ကွဲပြားနိုင်သောကြောင့် ဖြစ်ပါသည်။ အတွင်းရှိ Bypass Valve ကို ထိုအင်ဂျင်အတွက် သတ်မှတ်ဖိအားဖြင့် ချိန်ညှိထားပါသည် — နိမ့်လွန်းပါက မစစ်ထားသောဆီ စောစီးစွာ လည်ပတ်ပြီး မြင့်လွန်းပါက အအေးတွင် ဆီစီးဆင်းမှု ကျဉ်းပါသည်။ ဆံ့နိုင်မှုလည်း ကွဲပြားပါသည်။


Where do I find the OE number?

OE နံပါတ်ကို ဘယ်မှာ ရှာရမလဲ

Three places. The old filter usually has both the brand code and often the Original Equipment number printed on the canister — photograph it before discarding. The vehicle handbook lists service parts. And our parts team can look it up from your Vehicle Identification Number (VIN), which is the most reliable route if the old filter is unreadable.
နေရာသုံးခု ရှိပါသည်။ Filter အဟောင်း၏ ဘူးပေါ်တွင် အမှတ်တံဆိပ်ကုဒ်နှင့် OE နံပါတ် ရိုက်နှိပ်ထားလေ့ရှိသဖြင့် မစွန့်ပစ်မီ ဓာတ်ပုံရိုက်ပါ။ ကားလက်စွဲစာအုပ်တွင်လည်း ပါဝင်ပါသည်။ VIN နံပါတ်မှတဆင့် ကျွန်ုပ်တို့ ရှာဖွေပေးနိုင်ပါသည်။


What should I confirm before ordering?

မှာယူမီ ဘာတွေ အတည်ပြုသင့်လဲ

Work through these four points.
အောက်ပါ လေးချက်ကို စစ်ဆေးပါ။

  • The Original Equipment number matches your vehicle and engine, not just the model name.
  • The form — spin-on or cartridge.
  • For a cartridge, that the O-rings are included.
  • Whether you also need engine oil, since the filter is always changed with the oil.

OE နံပါတ်သည် Model အမည်သာမက အင်ဂျင်နှင့်ပါ ကိုက်ညီမှု၊ ပုံစံ (Spin-On သို့မဟုတ် Cartridge)၊ Cartridge အတွက် O-Ring ပါဝင်မှုနှင့် အင်ဂျင်ဆီ လိုအပ်မှု တို့ကို စစ်ဆေးပါ။


Related Articles / ဆက်စပ်ဆောင်းပါးများ

Was this article helpful?
0 out of 0 found this helpful

Comments

0 comments

Please sign in to leave a comment.